ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရေဦးမြို့က အရပ်သား ၃၀ ကျော် သတ်ဖြတ်ခံရမှု
ရေးသားခဲ့သည်။
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မုံတိုင်ပင် ရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ခွာသွားပြီးနောက်မှာ မီးလောင်သေဆုံးနေတဲ့ ရုပ်အလောင်း ၃၁ လောင်းကို ရှာဖွေတွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေလ ၁၀ရက်နေ့က မုံတိုင်ပင် ရွာထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်လာပြီး အရပ်သား ၅၀ကျော်ကို ဖမ်းဆီးထားခဲ့ပြီးနောက်မှာ အခုလို အရပ်သားတွေရဲ့ အလောင်းတွေကို တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။
ဒီအကြောင်းကို မသီဒါနွယ် က ပြောပြပေးပါမယ်။