ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်း အရှေ့ပိုင်းမှာ ရုရှား တပ်တွေ ဆုတ်ခွာ
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ရုရှားတပ်တွေ အရေးနိမ့်နေတယ်လို့ သိရှိရပါတယ်။
မြစ်ကို ဖြတ်ကူးဖို့ ကြိုးစားနေတဲ့ ရုရှား ခြေလျင်တပ်ရင်းက သံချပ်ကာ တင့်ကား အားလုံးနီးပါး ပျက်စီးကုန်တယ်လို့ ဗြိတိသျှ ထောက်လှမ်းရေး အဖွဲ့က ပြောပါတယ်။
ယူကရိန်း စစ်တပ်က ထုတ်ပြန်တဲ့ ပုံတွေထဲမှာတော့ ဆီဗားစကီး ဒွန်းနက်စ် ဒေသမှာ မြစ်ကူးတံတားကို ဖြတ်ကူးတဲ့ ရုရှား တင့်ကားတွေဟာ ယူကရိန်းတို့ရဲ့ တိုက်ခိုက်မှုကြောင့် မီးလောင် ပျက်စီးနေတာကိုလည်း တွေ့မြင်နေရပါတယ်။
ဒီတပတ်အတွင်း ယူကရိန်း စစ်တပ်ဟာ ရုရှား အပေါ်မှာ အသာစီးရခဲ့ကြောင်းနဲ့ ဟာကိဗ် မြို့က ရုရှားတပ်တွေကိုလည်း နောက်ဆုတ်သွားအောင် ဖိအားပေး တိုက်ခိုက်နိုင်ခဲ့ကြောင်း ယူကရိန်း စစ်တပ် တာဝန်ရှိသူတွေက ပြောကြပါတယ်။ ဘီဘီစီ သတင်းထောက် ကလိုက်ဗ် မာရီး ရဲ့ သတင်းကို ကိုဘိုဘို က ပြောပြပေးမှာပါ။