NLD ပါတီထဲမှာ စစ်ကောင်စီနဲ့ ဆက်သွယ်သူတချို့ရှိတယ်ဆိုတဲ့အပေါ် သုံးသပ်မှု

ရေးသားခဲ့သည်။

NLD ပါတီဝင်တချို့က ရွေးကောက်ပွဲကော်မရှင်နဲ့ ဆက်သွယ်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီနဲ့ သူတို့ဖွဲ့ထားတဲ့ အဖွဲ့အစည်းတွေကို တွေ့ဆုံညှိနှိုင်းဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဘယ်သူ့ကိုမှ တာဝန်ပေးမထားဘူးလို့ NLD ဗဟိုအလုပ်ကော်မတီက မေလ ၁ ရက်မှာကြေညာချက်ထုတ်ခဲ့ပါတယ်။ စစ်ကောင်စီဘက်ကရော NLD ပါတီဘက်က ထုတ်ပြန်ချက်အရပါ NLD ပါတီထဲမှာ စစ်ကောင်စီနဲ့ ဆက်သွယ်သူတချို့ ရှိနေတယ်လို့ နားလည်ရပါတယ်။ အခုလိုအခြေအနေအပေါ် စစ်ကောင်စီရဲ့သဘောထားနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေရဲ့အမြင်ကို မသီတာက ပြောပြပေးမှာပါ။