ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှုနဲ့ ထောင် ၅ နှစ် ချမှတ်

ရေးသားခဲ့သည်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းဆီက ရွှေနဲ့ ဒေါ်လာတွေ ရယူခဲ့တယ်ဆိုတဲ့ အဂတိလိုက်စားမှု စွပ်စွဲချက်အမှုအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အထူးတရားရုံးကနေ ဧပြီလ ၂၇ ရက်နေ့မှာ ထောင် ၅ နှစ် ချမှတ်လိုက်ပါတယ်။

ဒီအမိန့်အပေါ် ဒေါ်အောင်ဆန်းစုကြည်ဘက်က ကျေနပ်မှု မရှိဘူးလို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အပြည့်အစုံကိုတော့ ဘီဘီစီ သတင်းထောက် မအိမမမွန်က စုစည်းပြောပြပေးမှာပါ။