ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်ကိုင်းတိုင်းထဲက မြို့နယ်တချို့ထဲမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက် ပစ်ခတ်
ရေးသားခဲ့သည်။
စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ်မှာ စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကောင်စီတပ်တွေဟာ ဒီနေ့မှာ ကောလင်းမြို့ အရှေ့ဘက်ကရွာတွေကို ရောက်လာပါပြီ။ မင်းကင်း မြို့နယ်မှာလည်း နေအိမ်တွေကို စစ်ကောင်စီတပ်တွေ မီးရှို့ခဲ့ပါတယ်။ ဒီ စစ်ကိုင်းတိုင်းက အခြေအနေတွေကို ဘီဘီစီသတင်းထောက် မဇာဏီထွဏ်းက ပြောပြပေးသွားမှာပါ။