ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရုရှားပစ်ခတ်မှုကြောင့် ဇနီးနဲ့ သမီးကို ဆုံးရှုံးခဲ့သူ
ယူကရိန်းထဲကို ရုရှားက ကျူးကျော် ဝင်ရောက်ခဲ့တာ ၂ လ ရှိပြီ ဖြစ်ပါတယ်။ အော်သိုဒေါက်စ် ခရစ်ယာန်တွေ အတွက် အီစတာ ပွဲတော်ကာလ သတင်းစကားအဖြစ် ယူကရိန်းသမ္မတ ဇလဲန်းစကီးက ပြောကြားခဲ့ရာမှာ သူ့တို့ အနေနဲ့ အောင်ပွဲရမယ်လို့ ယုံကြည်ကြောင်း နဲ့ ယူကရိန်းရဲ့ လွတ်လပ်ရေးကို ဆက်လက်ထိန်းသိမ်း ထားနိုင်မှာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။
တချိန်တည်းမှာပဲ ယူကရိန်း အရှေ့ပိုင်းနဲ့ တောင်ပိုင်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပါတယ်။ မာရီယူပိုးလ်မြို့က ယူကရိန်း တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေ ခိုအောင်းနေကြတဲ့ စတီးလ် စက်ရုံတွေဘက်ကိုလည်း ရုရှားက အပြင်းအထန် ပစ်ခတ်တိုက်ခိုက်နေပါတယ်။ အနောက်ပိုင်းက အိုဒက်ဆာမြို့မှာ စနေနေ့က ရုရှားရဲ့ ပစ်ခတ်မှုကြောင့် ဇနီးသည်နဲ့ ၃ လအရွယ် သမီးငယ်သေဆုံးခဲ့ရတဲ့ ယူရီ ဂလိုဒဲန်ကို ဘီဘီစီ သတင်းထောက် ကယ်ရိုလိုင်း ဒေးဗစ္စက သွားရောက် တွေ့ဆုံခဲ့တာကို မနှင်းမိုက ပြန်ပြောပြမှာပါ။