ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်း ရွာလေးကနေ စွန့်ခွာ ထွက်မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေ
ရေးသားခဲ့သည်။
ယူကရိန်း အရှေ့ပိုင်းကို ရုရှားက တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်နေတဲ့ အတွက် အဲဒီဒေသမှာ နေထိုင်သူတွေအတွက် အန္တရာယ်ကျရောက်နေပါတယ်။ လွန်ခဲ့တဲ့ ၂ လအတွင်းမှာလည်း ထောင်နဲ့ချီတဲ့လူတွေဟာ အဲဒီဒေသကနေ ထွက်ပြေးခဲ့ရပါတယ်။ ဒါပေမယ့် လူအများအပြားက အဲဒီမှာ ဆက်ပြီး နေနေကြဆဲပါ။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေဟာ မြို့ကနေ ထွက်မပြေးဘဲ ဆက်ပြီးနေနေကြတာ ဖြစ်ပါတယ်။ ဘီဘီစီ သတင်းထောက် ကလိုက်ဖ် မာရီက ဒွန်းညက်စ် မြို့နားက Serhiivka ရွာလေးကိုသွားခဲ့ပြီး အဲဒီက ဒေသခံတွေအကြောင်းကို ပြောပြထားပါတယ်။ ကိုထွေးက ပြောပြပေးမှာပါ။