ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်းသမ္မတနဲ့ ဘီဘီစီ သီးသန့်မေးမြန်းခန်း
ရုရှားနိုင်ငံကနေ ရေနံတွေ ဆက်လက်ဝယ်ယူနေကြတဲ့ ဥရောပနိုင်ငံတွေဟာ ယူကရိန်းနိုင်ငံ စစ်ပွဲမှာ သူတို့ကို ဆန့်ကျင်ပြီး ရုရှားအတွက် အကူအညီပေးနေကြတယ်လို့ ယူကရိန်း သမ္မတ ဗက်လိုဒီမီယာ ဇလန်းစကီးက ပြောပါတယ်။
ယူကရိန်းနိုင်ငံတွင်းက လူသေဆုံးမှုတွေအတွက် သူတို့မှာ တာဝန်ရှိလိမ့်မယ်လို့လည်း ဆိုပါတယ်။
ယူကရိန်းနိုင်ငံကို ကူညီဖို့ စစ်ရေးအထောက်အပံ့တွေ ပေးပို့ဖို့ကိစ္စကိုလည်း အရှိန်မြှင့်လုပ်ဆောင်ကြဖို့ အနောက်နိုင်ငံခေါင်းဆောင်တွေကို သမ္မတ ဇလန်းစကီးက တိုက်တွန်းလိုက်ပါတယ်။
ဘီဘီစီသတင်းထောက် Clive Myrie ဟာ စစ်ဖြစ်နေတဲ့အချိန် သမ္မတ ဇလန်းစကီးခိုလှုံနေတဲ့ အဆောက်အဦးထဲမှာ မျက်နှာချင်းဆိုင် တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။
ဒီအကြောင်း ဆက်ရှုစားကြည့်ကြရအောင်ပါ။