ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရန်ကုန်အပါအဝင် မြို့ကြီးတချို့မှာ သင်္ကြန်အကြို ပေါက်ကွဲမှုတွေ ရှိ
ရေးသားခဲ့သည်။
စစ်ကောင်စီက သင်္ကြန်ပွဲ ဆင်နွှဲကြဖို့ ပြင်ဆင်ထားပေမယ့် ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာ သင်္ကြန်အကြိုနေ့ ပစ်ခတ်မှုနဲ့ ပေါက်ကွဲမှုတွေဖြစ်ခဲ့ပါတယ်။
ရန်ကုန်မြို့မှာဆိုရင်လည်း လူငယ် တချို့ပစ်ခတ်ခံရပြီး သေဆုံးတာတွေ၊ ဖမ်းဆီးခံရတာတွေ ရှိခဲ့ပါတယ်။
နိုင်ငံတဝန်းမှာလည်း သင်္ကြန်အကြိုနေ့ စည်ကားမှုမရှိဘူးလို့လည်း ဒေသခံတွေကပြောကြပါတယ်။
စစ်အာဏာသိမ်းမှုအောက်မှာ ဒုတိယတကြိမ်ထပ်ရောက်လာတဲ့ နိုင်ငံတဝန်းက သင်္ကြန်အကြိုနေ့ဖြစ်စဉ်တွေအကြောင်း မအိမမမွန်ကစုစည်းပြောပြပေးမှာပါ။