ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်းနဲ့ ရုရှားနိုင်ငံသားတွေ ထိုင်းမှာ အခက်ကြုံ
ယူကရိန်းနိုင်ငံကို ရုရှားတို့ ကျူးကျော်ပြီးနောက်ပိုင်း နှစ်နိုင်ငံလုံးကနေ အားလပ်ရက် ခရီးသွားသူ ထောင်နဲ့ချီ သူတို့အိမ်တွေနဲ့ အဝေးမှာ သောင်တင်နေကြပါတယ်။
ထိုင်းအစိုးရက ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေကို ဖြေလျှော့ပြီးနောက်ပိုင်း ထိုင်းနိုင်ငံဟာ ခရီးသွားတွေ အစည်ကားဆုံး နိုင်ငံတနိုင်ငံ ဖြစ်လာပါတယ်။
ဒါပေမဲ့ ယူကရိန်း ရုရှား ကျူးကျော်စစ်ကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်းခဲ့ပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် ရုရှားနိုင်ငံသား ထောင်နဲ့ချီဟာ ငွေထုတ်မရတာ ဒါမှမဟုတ် သူတို့ရဲ့ အကြွေးဝယ်ကဒ်တွေ သုံးမရ ဖြစ်နေပါတယ်။
ထိုင်းနိုင်ငံတွင်းက ယူကရိန်းနိုင်ငံသား အနည်းငယ်လည်း သူတို့မွေးရပ်မြေတွေ၊ မြို့တွေ ပုန်းကြဲတိုက်ခိုက်ခံနေရတာကြောင့် အဝေးကနေပဲ စောင့်ကြည့်နေရပါတယ်။
ဘီဘီစီ သတင်းထောက် Jonathan Head ဖူးခက်ကမ်းခြေကနေ ပေးပို့တဲ့ သတင်းကို ကိုဘိုဘိုက ပြန်ပြောပြမှာပါ။