ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်း ဒုတိယ အကြီးဆုံးမြို့ ဗုံးဒဏ်ကြောင့် ပျက်စီး
ယူကရိန်းရဲ့ ဒုတိယ အကြီးဆုံးမြို့ဖြစ်တဲ့ ဟာကိဗ်မြို့ဟာ ရုရှားတပ်ဖွဲ့တွေရဲ့ ဗုံးဒဏ်ကြောင့် အကြီးအကျယ် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ အဲဒီမှာ နေထိုင်ကြတဲ့ လူဉီးရေ ၁ဒဿမ၅သန်းဟာလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ဒါပေမယ့် ယူကရိန်းတပ်တွေကတော့ ရုရှားရဲ့ ထိုးစစ်ကို ခုခံ ကာကွယ်နေဆဲပါ။ အဲဒီမှာရောက်နေတဲ့ ဘီဘီစီ သတင်းထောက် ကွမ်တင် ဆမ်းမားဗီးလ်နဲ့ ဗီဒီယို ဂျာနယ်လစ် ဒါရင်း ကွန်းဝေးတို့ဟာ ယူကရိန်း တပ်ဖွဲ့တွေနဲ့ အတူလိုက်ပါပြီး သူတို့ရဲ့ ခုခံစစ် ဆင်နွှဲနေတဲ့အကြောင်းကို သတင်းပေးပို့ထားပါတယ်။ ကိုမင်းထက်က ပြောပြပေးမှာပါ။ ဒီသတင်းထဲမှာ စိတ်အနှောင့်အယှက်ဖြစ်စရာ ပုံရိပ်တွေပါဝင်နိုင်ကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။