စစ်မြေပြင်ကနေ ပေးပို့တဲ့ ဘီဘီစီရဲ့ အထူးသတင်း

ရေးသားခဲ့သည်။

ယူကရိန်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့တော် ဟာကိဗ်မှာလည်း ရုရှားကနေ လေကြောင်းတိုက်ခိုက်မှုတွေကို ညစဉ် ပြုလုပ်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုတွေအတွင်း အရပ်သား ဒါဇင်နဲ့ချီ သေဆုံးခဲ့သလို ရာနဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။ ဒေသခံအများစုကတော့ အဲဒီမြို့ကနေ ထွက်ခွာသွားကြပါပြီ။

ရုရှားတွေရဲ့ ထိုးစစ်ဆင်မှုနေတွေကို ပြန်လည်ခုခံနေစဉ်အတွင်း ဘီဘီစီ သတင်းထောက် ကွန်တန် ဆန်းမားဗေးယ်ဟာ ယူကရိန်းစစ်တပ်နဲ့အတူ ရှေ့တန်းထိသွားပြီး သတင်းယူခဲ့ပါတယ်။

ဒီဗီဒီယိုမှာ စိတ်အနှောင့်အယှက်ဖြစ်နိုင်စရာပုံရိပ်တွေ ပါဝင်တာကိုလည်း ကြိုတင်အသိပေးအပ်ပါတယ်။

ကိုမိုးမြင့် ပြန်ပြောပြပေးထားပါတယ်။