ယူကရိန်းထဲက ပိတ်မိနေသူတွေကို စတင်ကယ်ထုတ်

ရေးသားခဲ့သည်။

ယူကရိန်း မြို့တော် ကိယက်ဗ်အနားက ဗုံးကြဲမှုတွေ ပြင်းပြင်းထန်ထန် ဖြစ်နေတဲ့ အာပင်း မြို့မှာ ပိတ်မိနေတဲ့ အရပ်သားတွေကိုလည်း ကယ်ဆယ်မှုတွေ လုပ်ဆောင်နေကြပါပြီ။ အာပင်းမြို့ဟာ ရုရှားရဲ့ ထိုးစစ်မှာ အရေးပါတဲ့ နယ်မြေတစ်ခုလည်း ဖြစ်ပါတယ်။ အဲဒီမှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် အိုလာဂူရင် ပေးပို့လာတဲ့ သတင်းကိုတော့ မရီရီအောင်က ပြောပြပေးမှာပါ။