မန္တလေးက ရာနဲ့ချီတဲ့ အိမ်တွေ ကျူးကျော်ဆိုပြီး ဖျက်ခံရ

ရေးသားခဲ့သည်။

မန္တလေးမြို့မှာ ကျူးကျော်နေထိုင်လို့ဆိုကာ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီခန့် စည်ပင်နဲ့ ဌာနဆိုင်ရာတချို့က နေအိမ်တွေကို ဖယ်ရှားကြပါတယ်။ မြို့နယ်တခုက ကျူးကျော် အိမ်တွေ ဆိုပြီး ဖယ်တဲ့ အခါမှာတော့ အိမ်ခြေတစ်ရာဝန်းကျင်ရှိတဲ့ တိုက်အိမ်တွေ ဆယ်စုနှစ်ကျော် နေထိုင်ခဲ့တဲ့ အိမ်တွေလည်း အဖျက်ခံရပါတယ်။ အဲဒီက အခြေအနေတွေကို ဘီဘီစီ သတင်းထောက် မတာရာက အခုလို သတင်းပို့ထားပါတယ်။