ယူကရိန်းအရေး နောက်ဆုံး အခြေအနေ

ရေးသားခဲ့သည်။

ယူကရိန်း အရေးအတွက် သံတမန်ရေး ဆွေးနွေးမှုတွေ တခန်းရပ်ပြီး ရုရှားကို ပိတ်ဆို့ အရေးယူမှုတွေ လုပ်လာကြပါပြီ။ နေတိုး အဖွဲ့ကတော့ ဥရောပမှာ လုံခြုံရေးဆိုင်ရာ အစိုးရိမ်ရဆုံး ကာလတခုကို ရောက်နေပြီလို့ ပြောလိုက်ပါတယ်။

သမ္မတ ပူတင်ကတော့ ရုရှားဟာ ဆွေးနွေးဖို့ တံခါးတွေ ဖွင့်ထားဆဲပါလို့ ပြောပါတယ်။ ဒါပေမယ့် ရုရှားရဲ့ အကျိုးစီးပွားနဲ့ လုံခြုံရေးအတွက်ကိုတော့ မညှိနှိုင်း နိုင်ဘူးလို့ ဆိုထားပါတယ်။ ရုရှားတပ်တွေဟာ ခွဲထွက်ရေး သမားတွေ နိုင်ငံအဖြစ် ကြေညာထားတဲ့ နယ်ပယ်ထက်ကို ကျော်ပြီး ဝင်ရောက်လာကြတော့မလားလို့ စိုးရိမ်မှုတွေ ရှိနေပါတယ်။ ဘီဘီစီ သတင်းထောက် အိုလာဂါရင် ရှေ့တန်းတနေရာနေ ပေးပို့ထားတဲ့ သတင်းကို မသီဒါနွယ်က ပြန်ပြောပြပေးမှာပါ။