ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကယားပြည်နယ် မိုးဗြဲမှာ စားနပ်ရိက္ခာ ပြတ်လပ်မှုတွေရှိ
ရေးသားခဲ့သည်။
ဒီကနေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာလည်း ကယားပြည်နယ် လွိုင်ကော်မှာ နှစ်ဖက်မြေပြင်တိုက်ပွဲတွေရှိသလို စစ်ကောင်စီဘက်က ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ဆက်တိုက် ပစ်ခတ်တာတွေ ရှိနေပါတယ်။ တခါ တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ကယား ကရင်နီ ပြည်နယ် မိုးဗြဲဒေသမှာ တိုက်ပွဲရက် ကြာလာတာနဲ့အတူ စားနပ်ရိက္ခာ ပြတ်လပ်တာနဲ့ ဘေးလွတ်ရာ တိမ်းရှောင်ရင်း မြေပြင်မှာပိတ်မိနေတဲ့ ဒေသခံတွေ အများအပြားရှိနေပါတယ်။ ဒီအကြောင်း ဘီဘီစီ သတင်းထောက် မညိုလဲ့ရည် ပြောပြပေးမှာပါ။