ပုလဲနဲ့ မင်းကင်းက စစ်ဘေးရှောင်တွေ ရိက္ခာပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရ

ရေးသားခဲ့သည်။

စစ်ကိုင်းတိုင်း ပုလဲနဲ့ မင်းကင်း မြို့နယ်ထဲက ရွာတချို့ကို စစ်ကောင်စီ တပ်တွကေ မီးရှို့ဖျက်ဆီးမှုလုပ်ခဲ့ကြပေမဲ့ အခုအခါမှာတော့ အဲဒီရွာတွေမှာ စစ်ဘေးရှောင်တွေ ပြန်လည်ဝင်ရောက်နေထိုင်နေကြပါတယ်။ မီးဘေးသင့်ခဲ့ကြသူတွေကတော့ ဘုန်းကြီးကျောင်း ဇရပ်တွေမှာ နေနေကြရပါတယ်။ ဒီမြို့နယ်တွေဆီကို တခြား အရပ်ဒေသက လှူဒါန်းလိုက်တဲ့ပစ္စည်းတွေဟာလည်း ကြားက စစ်ဆေးတားဆီးခံနေရတာကြောင့် စားနပ်ရိက္ခာ အခက်ခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ အဲဒီက အခြေအနေတွေကို ဘီဘီစီ သတင်းထောက် မဇာဏီထွဏ်း က ဆက်ပြောပြပေးပါ့မယ်။