ဇန်နဝါရီ တစ်လတည်းမှာတင် အိမ် ၉၀၀ထိ မီးရှို့ခံရ

ရေးသားခဲ့သည်။

စစ်ကိုင်းတိုင်း ခရုတော ကျေးရွာက နေအိမ် ၁၅လုံးလောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေတုန်းကလည်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း စတဲ့ ဒေသတွေမှာလည်း မီးရှို့ဖျက်ဆီးခံခဲ့ရတာတွေ ရှိခဲ့ပါတယ်။ ဇန်နဝါရီ လ တစ်လတည်းမှာတင် စစ်ကောင်စီ တပ်တွေရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် နေရာဒေသ အတော်များများက နေအိမ်အလုံးပေါင်း ၉၀၀ ထိ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ Data for Myanmar အဖွဲ့ကထုတ်ပြန်ထားပါတယ်။ ဒီအကြောင်း ကိုဟိန်းကိုစိုးက အခုလို သတင်းပေးပို့ထားပါတယ်။