မန္တလေး မဟာ လူမှုကယ်ဆယ်ရေး အသင်း ချိပ်ပိတ်ခံရ

ရေးသားခဲ့သည်။

မန္တလေးအခြေစိုက် မဟာ လူမှုကယ်ဆယ်ရေး ပရဟိတအသင်းကြီးရဲ့ ရုံးခန်းကို မနေ့က စစ်ကောင်စီအဖွဲ့ဝင်တွေက ချိပ်ပိတ်သွားပါတယ်။ ဒီရက်ပိုင်းအတွင်းမှာပဲ မန္တလေးမြို့က တခြား ပရဟိတအသင်း တချို့ရဲ့ အဆောက်အဦတွေလည်း အဖျက်ခံရတာတွေ ရှိနေပါတယ်။ ဒီလိုပရဟိတအသင်းတွေ ဆက်တိုက်ချိပ်ပိတ်ခံရ၊ ဖျက်ဆီးခံရတာတွေကြောင့် ဘယ်လိုဆုံးရှုံးမှုတွေရှိလာနိုင်ပါသလဲ။ အကြောင်းစုံကို ဘီဘီစီသတင်းထောက်မတာရာက ပြောပြပေးပါမယ်။