ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်းအရေး သံတမန်ရေးကြိုးပမ်းမှုတွေရှိနေ
ရေးသားခဲ့သည်။
တူရကီသမ္မတ ရီချက်တာရစ် အာဒိုဝမ်က ယူကရိန်းနဲ့ ရုရှား တင်းမာမှု အခြေအနေကို စောင့်ကြည့်နေပြီး ယူကရိန်းရဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုနဲ့ အချုပ်အခြာ အာဏာပိုင်စိုးမှုကို သူ့အစိုးရက ထောက်ခံတယ်လို့ ပြောပါတယ်။
ရုရှားရဲ့ လုံခြုံရေးစိုးရိမ်ပူပန်မှုကို အလေးဂရုပြုဖို့ လိုတယ်လို့လည်း သူ အရင်က ပြောခဲ့ပါတယ်။
စစ်ရေးနဲ့ သံတမန်ရေးတွေကြားမှာ ရုရှား သာမန် အရပ်သားတွေကရော ယူကရိန်းအရေးကို ဘယ်လို ယူဆကြပါသလဲ။
ရုရှားနိုင်ငံ ဗလာဒီမီယာမြို့ကနေ ဘီဘီစီ သတင်းထောက် Steve Rosenberg ပေးပို့တဲ့ သတင်းကို ကိုမိုးမြင့် ပြောပြပေးပါမယ်။