ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာဏာသိမ်းတနှစ်ပြည့်နေ့ အသံတိတ်သပိတ်ဆင်နွှဲ
ရေးသားခဲ့သည်။
စစ်အာဏာသိမ်း တနှစ်ပြည့်တဲ့ ဒီကနေ့ မှာ ဖိနှိပ်မှုတွေကြားက ဒေသအများစုက ပြည်သူတွေ အသံတိတ်သပိတ်ကို ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ တဖက်မှာလည်း မြစ်ကြီးနားမှာ ကလေးငယ်တဦး ဒီကနေ့မနက်က ကျည်ထိမှန်သေဆုံးခဲ့သလို ကျောက်ပန်းတောင်းမှာတော့ အမျိုးသားတဦး ကိုယ့်ကိုယ်ကိုယ် မီးရှို့ဆန္ဒပြခဲ့ပါတယ်။ ဒီကနေ့တရက်တာ နိုင်ငံတဝန်း ထူးခြားဖြစ်စဉ်တွေကို မနှင်းမိုက စုစည်းပြောပါမယ်။