ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာပြည်မှာ ပြည်တွင်းစစ်ကြီးဖြစ်နေပြီလား
ရေးသားခဲ့သည်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တာ တနှစ်ပြည့်ခဲ့ပြီ ဖြစ်ပေမယ့် ပြည်သူလူထုက နည်းမျိုးစုံနဲ့ ဆန့်ကျင်နေကြရာမှာတော်လှန်ခုခံစစ်တွေ အရှိန်ပိုမြင့်လာနေပြီ ဖြစ်တာကြောင့် မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်လာနေပြီလား ဆိုတဲ့ ဘီဘီစီ သတင်းထောက် ရီဘက်ကာ ဟန်ရှ်ကီးရဲ့ သတင်းလွှာကို ကိုဘိုဘိုက ပြောပြမှာပါ။ ဒီသတင်းမှာ စိတ်မချမ်းမြေ့စရာ အဖြစ်အပျက်တွေ ပါတဲ့အကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။