ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပီအာစနစ် ရွေးကောက်ပွဲအတွက် ပြင်ဆင်နေကြပြီလား
ရေးသားခဲ့သည်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ ပြည်သူတွေက လက်နက်ကိုင် တော်လှန်မှုတွေ နေရာအများအပြားမှာ ဆက်ရှိနေချိန်မှာပဲ ဖျက်သိမ်းခံခဲ့ရတဲ့ ရွေးကောက်ပွဲမှာ ဒုတိယနေရာ အများဆုံးရရှိခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပါတီဖွဲ့စည်းပုံအရ ဆိုပြီး တိုင်းနဲ့ ပြည်နယ် ခေါင်းဆောင်ပိုင်းတွေကို ပြန်လည် ရွေးချယ်နေတာမျိုးတွေရှိလာပါတယ်။
ပီအာနဲ့ ကျင်းပပေးမယ်လို့ စစ်ကောင်စီဘက်က ပြောထားတဲ့ ရွေးကောက်ပွဲအတွက် နိုင်ငံရေး ပါတီတွေပြင်ဆင်တာတွေ ရှိလာပါပြီလား။ အပြည့်အစုံကို ကိုဟိန်းကိုစိုးကပြောပြမှာပါ။