မကွေးက ရေနံတွင်းတွေကို စစ်ကောင်စီတပ်ဖွဲ့တွေ မီးရှို့

ရေးသားခဲ့သည်။

မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းဘက်မှာ စစ်ကောင်စီ တပ်တွေက ဒေသခံ ကာကွယ်ရေးတပ်တွေနဲ့ ဆက်နွယ်တယ်ဆိုပြီး ကျေးရွာတွေကို မီးရှို့တာ၊ လူတွေကို ဖမ်းဆီးတာတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။ မကွေးတိုင်းထဲက မြိုင်မြို့နယ်နဲ့ ပေါက် မြို့နယ်တွေထဲက အသေးစားရေနံတွင်းတွေကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်း ရေဦးမြို့နယ်ထဲမှာလည်း တိုက်ပွဲတွေကြောင့် လူသေဆုံးမှုတွေ ဆက်ရှိနေပါတယ်။ ဒီသတင်းကိုတော့ ကိုဟိန်းကိုစိုးက အခုလို သတင်းပေးပို့ထားပါတယ်။