ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်းကို ရုရှားက ကျူးကျော် ဝင်ရောက် လိမ့်မယ်လို့ သမ္မတဘိုင်ဒန် ယူဆ
ရေးသားခဲ့သည်။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်းကို ရုရှားက ကျူးကျော် ဝင်ရောက် လိမ့်မယ်လို့ သူထင်မြင်ကြောင်း ပြောပါတယ်။
ယူကရိန်းကို ကျူးကျော်ရင် ရုရှားအနေနဲ့ ကပ်ဆိုက်သွားနိုင်တယ်လို့ သမ္မတ ဘိုင်ဒန်က ပြောပါတယ်။
ယူကရိန်းနဲ့ နယ်စပ်ကို ရုရှားဘက်က တပ်ဖွဲ့ဝင် တစ်သိန်းလောက် စေလွှတ်ထား ပါတယ်။
ဒါပေမဲ့ စစ်ရေးအရ လုပ်ဆောင်ဖို့ အစီအစဉ် မရှိဘူးလို့ ရုရှားက ပြောပါတယ်။
ယူကရိကန်း အရေး နောက်ဆုံး အခြေအနေကို ကိုမိုးမြင့် ပြောပြပေးပါမယ်။