လွိုင်ကော်က နေ ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရဆဲ

ရေးသားခဲ့သည်။

စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေကြား စစ်ရေးတင်းမာနေတဲ့ ကယားပြည်နယ်မှာတော့ ဒီကနေ့အထိကို မြို့တော်လွိုင်ကော်က နေ ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရဆဲပါ။ လွိုင်ကော်မြို့ထဲ ရေ၊ မီးဖြတ်ထားသလို စက်သုံးဆီပါ မလုံလောက်တော့တာကြောင့် ပရဟိတအသင်းတွေလည်း ကူညီမှုတချို့ရပ်နားတော့မယ်လို့ ဆိုလာပါတယ်။ လွိုင်ကော်မြို့ပေါ်မှာ ဘာတွေဖြစ်နေလဲ။ အကြောင်းစုံကို မနှင်းမိုက စုစည်းပြောမှာပါ။