ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
၀က်လက်မှာ စစ်ကောင်စီလေကြောင်းက တိုက်ခိုက်လို့ ဒေသခံတွေ တိမ်းရှောင်နေရ
ရေးသားခဲ့သည်။
စစ်ကိုင်းတိုင်း ဝက်လက်မြို့က ညောင်ပင်ကြီးတောရွာအနီးမှာ ဒီနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်တွေက တပ်စွဲတာတွေ၊ ဒေသခံတွေကို ပစ်ခတ်ဖမ်းဆီး တာတွေဆက်လုပ်နေလို့ ဒေသခံရာချီထွက်ပြေးနေရပါတယ်။ တဖက်မှာလည်း မုံရွာမြို့အထွက်မှာ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရလို့ သေဆုံးဒဏ်ရာရတာတွေရှိခဲ့ပါတယ်။ ဒီကနေ့ စစ်ကိုင်းတိုင်းထဲက အခြေအနေတွေကိုတော့ မအိမမမွန်က စုစည်းပြောပြပေးပါမယ်။