ဖရူဆို သတ်ဖြတ်ခံရမှု အသက်မပြည့်သေးသူတွေ ပါဝင်

ရေးသားခဲ့သည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့က ကယားပြည်နယ် ဖရူဆိုမြို့နယ်တွင်း လူပေါင်း ၃၀ ကျော် သတ်ဖြတ်ခံရမှုက သေဆုံးသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးတွေ ပါဝင်သလို ဒီလုပ်ရပ်အပေါ် အပြင်းအထန် ရှုတ်ချတယ်လို့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့ ယူနီဆက်ဖ် က ပြောပါတယ်။

သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေကို ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ မြေမြှုပ်ခဲ့ပါတယ်။

တချိန်တည်းမှာပဲ လွိုင်ကော်မြို့က ခရိုင် ရဲရုံးကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။

ကယားပြည်နယ်တွင်းက အခြေအနေကို မနှင်းမိုက စုစည်းပြောပြပေးမှာပါ။