ကလေးမြို့နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်

ရေးသားခဲ့သည်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ နတ်ချောင်းရွာထဲမှာ စစ်တပ်နဲ့ ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေ အကြား မနေ့က ညနေ ၆နာရီကနေ မနက် ၆နာရီအထိ ဆက်တိုက် ပစ်ခတ် တိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့သလို မနက်ပိုင်းမှာ ကလေးမြို့ပေါ်နဲ့ ကလေးနည်းပညာတက္ကသိုလ် စတဲ့ နေရာတွေမှာလည်း တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ စစ်တပ်ကလည်း တိုက်ပွဲဖြစ်ရာနေရာကို ရဟတ်ယာဉ်တွေနဲ့ စစ်ကောင်စီတပ်သားတွေကို ထပ်မံပို့ဆောင်ပေးနေပါတယ်။ စစ်ကိုင်းတိုင်းထဲက အခြေအနေတွေကို ကိုဟိန်းကိုစိုးကပြောပြမှာပါ။