ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လေးကေ့ကော်ဒေသ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရ
ရေးသားခဲ့သည်။
ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ၉ မိုင်ခန့်အကွာရှိတဲ့ လေးကေကော်ဒေသကို ဒီကနေ့ ဒီဇင်ဘာ၂၄ ရက်ညနေပိုင်းမှာ စစ်ကောင်စီက တိုက်လေယာဉ်၂စီးနဲ့ဗုံးကြဲတိုက်ခိုက်တာတွေထပ်လုပ်ခဲ့တယ်လို့ အဲဒီမှာရောက်နေတဲ့ သတင်းရင်းမြစ်ကပြောပါတယ်။ ဒီကနေ့မနက်ပိုင်းကလည်း စစ်ကောင်စီက လေးကေ့ကော်ဘက်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီကနေ့လေးကေ့ကော်က စစ်ရေးအခြေအနေနဲ့ စစ်ရှောင်တွေအကြောင်း မညိုလဲ့ရည်က စုစည်းပြောပြပေးမှာပါ။