စစ်ကိုင်းတိုင်းထဲက ရေမျက်မှာ အိမ်ခြေ ၅၀ ကျော်မီးရှို့ခံရ

ရေးသားခဲ့သည်။

ရဟတ်ယာဉ်နဲ့ အပစ်ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း ရေဦးက ရေမျက်နဲ့ ကလေးမြို့နယ်ထဲက နတ်ချောင်းရွာတွေထဲမှာ ဒေသခံတွေထဲက သေဆုံးသူတွေ ဆယ်ချီရှိခဲ့ပါတယ်။ ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခံရချိန် ထိမှန်သူတွေအပါအဝင် မြေပြင်တပ်ဖွဲ့တွေက ပစ်ခတ်လို့သေဆုံးသူတွေလည်း ပါဝင်ပါတယ်။ ရွာအတွင်းမှာလည်း ဗုံးဆန်တွေကျန်နေတာနဲ့ စစ်တပ်တပ်စွဲထားတာရှိနေသေးလို့ အိမ်ပြန်နိုင်တာလည်း မရှိသေးသလို၊ ရေမျက်မှာလည်း အိမ်ခြေ ၅၀ကျော် မီးရှို့ခံခဲ့ရပါတယ်။ အဲဒီဒေသတွေရဲ့အခြေအနေကို ကိုဟိန်းကိုစိုးက ပြောပြမှာပါ။