ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်ကိုင်း ရေမျက်ရွာ ကို စစ်ကောင်စီ လေကြောင်းက တိုက်ခိုက်
ရေးသားခဲ့သည်။
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာရှိတဲ့ ရေမျက်ရွာကို ရဟတ်ယာဉ်၃စင်းနဲ့ စစ်တပ်ကလာရောက်ပစ်ခတ်ပြီး ရွာကို ပိတ်ဆို့လိုက်တာကြောင့် ဒေသခံတွေဟာ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။ အဲဒီရွာထဲမှာ ပိတ်မိနေသူတွေလည်း ရှိသေးတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ တခြားမြို့နယ်တွေမှာလည်း စစ်တပ်က ဝင်ရောက် ဖမ်းဆီးမှုတွေ လုပ်ဆောင်နေပါတယ်။ ကိုဟိန်းကိုစိုးက အခုလို သတင်းပေးပို့ထားပါတယ်။