ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဆားလင်းကြီးမြို့နယ်ထဲက ဒုန်းတောရွာမှာ လူငယ် ၁၁ ဦး ပစ်ခတ်ခံရ
ရေးသားခဲ့သည်။
စစ်ကိုင်းတိုင်းက ဆားလင်းကြီးမြို့နယ်ထဲက ဒုန်းတောရွာမှာ လူငယ် ၁၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရသလို၊ ဒီပဲယင်းမြို့နယ်အနောက်ဘက်ခြမ်းကရွာတွေအနီးမှာလည်း ဒီနေ့မနက်ပိုင်းက စလို့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပါတယ်။
စစ်တပ်ကတော့ ရဟတ်ယာဉ်နဲ့ပစ်ခတ်တာတွေ အပြင်စစ်ကူတာ လည်းရှိတယ်လို့ဒေသခံတွေကပြောကြပါတယ်။ အဲဒီအကြောင်းတွေကို ကိုဟိန်းကိုစိုးကပြောပြမှာပါ။