ဆန္ဒပြသူတွေကို ကားနဲ့ တိုက် ဖြိုခွဲတာ ၁၉ ကြိမ်ရှိလာ

ရေးသားခဲ့သည်။

အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလပိုင်းကလို့ မနေ့ကအထိ ဆန္ဒပြမှုတွေကို ကားတွေနဲ့ဝင်တိုက်ဖြိုခွဲခဲ့တာအကြိမ် ရေစုစုပေါင်း ၁၉ကြိမ်အထိရှိခဲ့ပြီး အဲဒီလိုဖြိုခွင်းမှုအတွင်းမှာပဲ လူသေတာ၊ ဖမ်းခံရတာနဲ့ ဒဏ်ရာရရှိသူတွေ အများအပြားရှိခဲ့တယ်လို့ လူထုနွေဦးစာစောင်ရဲ့ သုသေတနအချက်အလက်တွေအရသိရပါတယ်။

အဲဒီ၁၉ကြိမ်ထဲမှာ မနေ့က ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းကဆန္ဒပြလူအုပ်စုထဲ နောက်ကျောဘက် ကနေကားနဲ့ ဝင်တိုက်တဲ့ ဖြစ်ရပ်လည်းပါဝင်ပါတယ်။ ကိုဟိန်းကိုစိုးက ဆက်ပြောပြမှာပါ။