ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကြံခိုင်ရေးပါတီညီလာခံ မကြာမီ ကျင်းပဖို့ရှိ
ရေးသားခဲ့သည်။
ရွေးကောက်ပွဲ နှစ်ကြိမ်ဆက်တိုက်ရှုံးထားတဲ့ ကြံခိုင်ရေးပါတီရဲ့ တတိယအကြိမ်ညီလာခံကို လာမယ့်လမှ ကျင်းပဖို့ စီစဉ်နေတယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူတွေက ပြောပါတယ်။
ဒီအတွက် ပါတီရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေအပါအဝင် ဗဟိုကော်မတီဝင် သုံးရာကျော်အထိကို ပါတီမှာတာဝန်ထမ်းဆောင်လိုခြင်းရှိမရှိ သဘောထားတောင်းခံထားပါတယ်။
စစ်ဗိုလ်ချုပ်ကြီးဟောင်းတွေအများစု ဦးဆောင်တဲ့ ကြံခိုင်ရေးပါတီအနေနဲ့ လာမယ့်ပါတီညီလာခံမှာ ခေါင်းဆောင်ပိုင်းအပြောင်းအလဲ ဖြစ်လာနိုင်ပါသလား။
အကြောင်းစုံကို ဘီဘီစီသတင်းထောက်ကိုနန္ဒက ပြောပြပေးမှာပါ။