ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးမှုနဲ့ သေဆုံးမှုများ
ရေးသားခဲ့သည်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့တာအခုဆိုရင် (၁၀) လပြည့်ခဲ့ပါပြီ။ ဒီကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လက်ချက်နဲ့ အရပ်သားပြည်သူ (၁၃၀၀) လောက်သေဆုံးခဲ့ပြီး အဲ့ဒီထဲက အယောက် ၇o လောက်က စစ်ကြောရေးမှာတင် သေဆုံးခဲ့ရတာလို့ AAPP က ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။ ဒီအကြောင်းတွေကိုတော့ စစ်တပ်က ဝန်ခံပြောကြား တာမရှိပါဘူး။ အာဏာသိမ်းကာလအတွင်းဖမ်းဆီးခံရတာတွေ၊ သေဆုံးခဲ့ကြရတာတွေ စတဲ့ အကြောင်းစုံကို မနှင်းမိုက စုစည်း ပြောပြပေးမှာပါ။