ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒီပဲယင်းမှာ ပစ်ခတ်မှုတွေ ဆက်ဖြစ်နေ
ရေးသားခဲ့သည်။
ဒီပဲယင်းရဲ့ အရှေ့ခြမ်းက ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့တဲ့ရွာတွေထဲမှာ စစ်တပ်ကနေရာယူထားပြီးနောက် ပစ်ခတ်မှုတွေဆက်ဖြစ်နေပါတယ်။ တိုက်ပွဲပုံစံမဟုတ်ပဲ စစ်တပ်ဘက်က ဒေသခံတွေ ဝင်မလာအောင် ပစ်ခတ်တဲ့ ပုံစံတွေရှိနေသလို၊ အိမ်တွေထဲ ဝင်ရောက်ရှာဖွေတာ တွေလည်းရှိနေတယ်လို့ ဒေသခံတွေကပြောကြပါတယ်။
နောက်ပြီး ဒီပဲယင်းအနောက်ဘက်ခြမ်းက ရွာတချို့မှာလည်း စစ်ဘေးရှောင်တွေနေတဲ့ လယ်တဲကို မီးရှို့တာအပြင် ဖမ်းဆီးစစ်ဆေးခံရတာတွေလည်း ရှိခဲ့ပါတယ်။ အဲဒီကအခြေအနေတွေကို ကိုဟိန်းကိုစိုးကပြောပြမှာပါ။