သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံတို့ကို ရွေးကောက်ပွဲ မသမာမှုနဲ့ စစ်တပ် တရားစွဲ

ရေးသားခဲ့သည်။

အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးခံထားရပြီး အမှုပေါင်း ဆယ်ချီနဲ့စွပ်စွဲခံထားရသူ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် အရင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တွေကို ရွေးကောက်ပွဲမသမာမှုနဲ့ ဘာကြောင့် အမှုဖွင့် တရားစွဲရတယ်ဆိုတာကို စစ်ကောင်စီရဲ့ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ရှင်းလင်းပြောကြားလာပါတယ်။ရွေးကောက်ပွဲ မသမာမှုတွေလုပ်ခဲ့တယ်လို့ စွပ်စွဲပြောဆိုပေမယ့် ရွေးကောက်ပွဲစောင့်ကြည့်ခဲ့သူတွေကတော့ ပြည်သူတွေရဲ့ဆန္ဒမဲပေးခဲ့တဲ့ ရလဒ်တွေကို ထိခိုက်အောင် လုပ်ခဲ့တာမျိုးမရှိဘူးလို့ဆိုကြပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ကိုဟိန်းကိုစိုးကပြောပြမှာပါ။