ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဂျပန် ငြိမ်းချမ်းရေး ကိုယ်စားလှယ်ရဲ့ မြန်မာ ခရီးစဉ်
မြန်မာ့ငြိမ်းချမ်းရေးဆိုင်ရာ ဂျပန်အစိုးရ ကိုယ်စားလှယ်လည်းဖြစ်၊ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌလည်းဖြစ်တဲ့ မစ္စတာ ဆာဆာကာဝါက သူ့ရဲ့ တစ်ပတ်တာ မြန်မာပြည်ခရီးစဉ်နဲ့ပတ်သက်လို့ ဒီကနေ့မှာ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။ မစ္စတာ ဆာဆာကာဝါဟာ စစ်ကောင်စီခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့သူ ဖြစ်ပြီး၊ NLD အပါအဝင် နိုင်ငံရေးပါတီတချို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့သူပါ။ <ရခိုင်ပြည်နယ်က စစ်ဘေးရှောင် ဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။> NLD က ခေါင်းဆောင်အများစုက ဖမ်းဆီးထိန်းသိမ်းခံရတာ၊ တိမ်းရှောင်နေရတာတွေရှိတဲ့အတွက် ဘယ်သူနဲ့ဘယ်လို ဆွေးနွေးတယ်ဆိုတာကိုတော့ သူက မပြောပါဘူး။ မြန်မာနိုင်ငံအတွက် ကိုဗစ်ကာကွယ်ဆေး အလုံး ၁ သန်းနဲ့ စစ်ရှောင်တွေအတွက် လှူဒါန်းမယ့်အစီအစဉ်ကိုလည်း ဒီနေ့ ကြေညာခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲအတွင်း စကားပြန်နဲ့အတူ သူပြောခဲ့တာတွေထဲက တချို့ကို ကြည့်ရအောင်ပါ။