လှိုင်သာယာက ကျူးကျော်တွေကို စစ်ကောင်စီ စတင်ရှင်းလင်း

ရေးသားခဲ့သည်။

ရန်ကုန်တိုင်းအတွင်းမှာ စီမံကိန်းအသစ်တွေစလုပ်တော့မှာ ဖြစ်လို့ ကျုးကျော်နေထိုင်သူတွေအားလုံး သူတို့နေထိုင်ရာ နေရာတွေကနေ အပြီးဖယ်ရှားပေးကြဖို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ညွှန်ကြားထားပါတယ်။

ဒီကြေညာချက်ထွက်လာပြီး မကြာခင်မှာပဲ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်တွင်းက ကျူးကျော်တွေကို စစ်ကောင်စီက စတင်ရှင်းလင်းနေပါတယ်။

နိုင်ငံတွင်း မတည်ငြိမ်မှုတွေ ဆက်တက်ဖြစ်နေတဲ့ အခုလိုအချိန်မျိုးမှာ စစ်ကောင်စီဘက်က ကျူးကျော်တွေကို ဘာကြောင့် ဖယ်ရှားဖို့ ကြိုးစားနေတာပါလဲ။

မအိမမမွန်က ဆက်ပြောပြပေးမှာပါ။