ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာဆီယံ အစည်းအဝေး အပေါ်မြန်မာတုံ့ပြန်
ရေးသားခဲ့သည်။
မနက်ဖြန်မှာ အာဆီယံထိပ်သီး အစည်းအဝေးတွေ စတင်ကျင်းပတော့မှာဖြစ်ပါတယ်။ နိုင်ငံအကြီးအကဲ ဒါမှမဟုတ် အစိုးရအဖွဲ့အကြီးအကဲ ဒီလိုမှမဟုတ်ရင်လည်း နိုင်ငံအကြီးအကဲကို ကိုယ်စားပြုတဲ့ ပြည်ထောင်စုဝန်ကြီးအဆင့်ပုဂ္ဂိုလ် ပါဝင်တက်ရောက် နိုင်ရေးကိုသာ မြန်မာနိုင်ငံက လက်ခံမယ်ဆိုပြီး စစ်ကောင်စီရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်လာပါတယ်။ အာဆီယံအစည်းအဝေးကို စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခွင့်မရတဲ့အတွက် အာဆီယံ အထူးသံတမန်ရဲ့မြန်မာခရီးစဉ်အပေါ် စစ်ကောင်စီရဲ့သဘောထားကရော အပြောင်းအလဲရှိလာနိုင်ပါသလား။ ဘီဘီစီသတင်းထောက်ကိုနန္ဒက ပြောပြပေးမှာပါ။