ပြည်ပကို အလုပ်သွားလုပ်မယ့် သူတွေ လေဆိပ်ကနေ ပြန်လွှတ်ခံရ

ရေးသားခဲ့သည်။

နိုင်ငံခြားကိုသွားရောက်အလုပ်လုပ်ကိုင်ကြတဲ့သူတွေ ရန်ကုန်လေဆိပ်မှာ အထောက်အထားမ ပြည့်စုံလို့ဆိုပြီး မသွားရပဲ ပြန်လှည့်ရတဲ့သူတွေအများအပြားရှိနေပါတယ်။ အဓိကအားဖြင့် အခြေခံအလုပ်သမားတွေ ပြည်ပထွက်ခွာအလုပ်သမားသက်သေခံကဒ်မပါလို့ ထွက်ခွာခွင့်မရသူတွေ အများအပြားရှိနေတယ်လို့ သိရပါတယ်။ အဲဒီလို သတ်မှတ်ချက် တွေကို ဝန်ကြီးဌာနက ဘာကြောင့်တင်းကျပ်လိုက်တာပါလဲ။ အလုပ်ကနေ ခွင့်နဲ့ ပြန်လာသူတွေအဖို့ နိုင်ငံရပ်ခြားအလည်အပတ်သွားလာရာမှာလည်း အခုသတ်မှတ်ချက်ကြောင့် အခက်အခဲတွေ ရှိလာပါတယ်။ဒီအကြောင်း အပြည့်အစုံကို ကိုဟိန်းကိုစိုးကပြောပြမှာပါ။