ဆန္ဒပြရာမှာ ပါဝင်တယ်ဆိုပြီး ဖမ်းဆီးခံထားရသူတွေကို ထပ်လွှတ်ပေး

ရေးသားခဲ့သည်။

ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးတဲ့နောက် ဆန္ဒပြရာမှာပါဝင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၁၀၀၀ကျော်နဲ့ တရားရင်ဆိုင်နေရသူ ၄၀၀၀ကျော် စုစုပေါင်း လူဦးရေ ၅၀၀၀ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

အဲဒီနောက် ဒီကနေ့မှာတော့ ဒုတိယနေ့အဖြစ် အကျဉ်းကျခံနဲ့ အချုပ်ကျခံတချို့ကို ဆက်လွှတ်ပေးပါတယ်။ ဒါပေမယ့် အများစုကလွတ်မြောက်တဲ့အထဲ မပါသေး သလို ပြန်လည် ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်တွေလည်းရှိနေပါတယ်။

ဒီအကြောင်း ရန်ကုန်အင်းစိန်ထောင်ရှေ့ ကိုယ်တိုင် သွားရောက်သတင်းယူခဲ့တဲ့ မညိုလဲ့ရည်ပြောပြဖို့ရှိပါတယ်။