အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရသူ တချို့ပြန်လွတ်

ရေးသားခဲ့သည်။

အာဆီယံထိပ်သီးညီလာခံမှာ မြန်မာ အာဏာသိမ်းစစ်ခေါင်းဆောင်ကို မဖိတ်ကြားဖို့ ဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီဥက္ကဋ္ဌက စစ်တပ်ပိုင်ရုပ်မြင်သံကြားတွေကနေ ဒီကနေ့ မိန့်ခွန်းပြောကြားလိုက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ လှုံဆော်မှုကြောင့် အကြမ်းဖက်မှုတွေ ပေါ်ပေါက်ခဲ့ပေမယ့် ဘယ်သူမှ တားဆီးခဲ့တာ မရှိဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။

အာဆီယံကိုယ်စားလှယ်ရဲ့ တောင်းဆိုညှိုနှိုင်းချက်တွေထဲမှာ သူတို့ဘက်က လိုက်လျောမပေးနိုင်တာတွေရှိတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌရဲ့ မိန့်ခွန်းနောက်ပိုင်း ဖမ်းဆီးအကျဉ်းချခံထားရသူ တထောင်ကျော်နဲ့ တရားစွဲဆိုခံထားရသူ ၄၀၀၀ ကျော်ရဲ့ အမှုတွေကိုလည်း ပြန်ရုပ်သိမ်းပေးခဲ့ပါတယ်။

ဒီအကြောင်းအပြည့်အစုံကို ကိုဟိန်းကိုစိုးကပြောပြမှာပါ။