ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သမ္မတ ရာထူးက ဆင်းပေးဖို့ စစ်တပ်က ခြိမ်းခြောက်ခဲ့တယ်လို့ သမ္မတ ဦးဝင်းမြင့်ထွက်ဆို
ကျန်းမာရေးအကြောင်းပြကာ ရာထူးက ဆင်းပေးဖို့ စစ်အာဏာသိမ်းတဲ့နေ့က စစ်တပ်ဘက်ကနေ လာရောက်ခြိမ်းခြောက်ခဲ့တယ်လို့ သမ္မတ ဦးဝင်းမြင့်က အောက်တိုဘာလ ၁၂ ရက်နေ့ တရားခွင်မှာ ထွက်ဆိုသွားခဲ့ပါတယ်။
ပုဂ္ဂိုလ်ရေးထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့ စစ်တပ်ဘက်က ခြိမ်းခြောက်ခဲ့ပေမယ့် အသက်သာ အသေခံသွားမယ် ဥပဒေအတိုင်းသာ လုပ်ဆောင်ဖို့ သမ္မတဘက်က တုံ့ပြန်ခဲ့တဲ့အကြောင်း ပြောသွားခဲ့တယ်လို့ အကျိုးဆောင်ရှေ့နေတွေက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း NLD ပါတီရဲ့ ထုတ်ပြန်ချက်တစောင်ဟာ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံဆော်တယ်ဆိုပြီး သမ္မတ အပါအ၀င် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ ခ နဲ့ စွဲဆိုထားတဲ့အမှုအတွက် သမ္မတက ပထမဆုံးအကြိမ် တရားခွင်မှာ လူကိုယ်တိုင် သက်သေထွက်ဆိုခဲ့တာ ဖြစ်ပါတယ်။
ဒီကနေ့ တရားရုံးထုတ်မှု အခြေအနေကို ကိုဟိန်းကိုစိုးက ပြောပြပေးမှာပါ။