ကိုဗစ်ကာကွယ်ဆေး ၆ သန်းကျော် ကုလသမဂ္ဂဆီကနေ မြန်မာရဖို့ရှိ

ရေးသားခဲ့သည်။

ကမ္ဘာ့နိုင်ငံတွေကြား ကိုဗစ်ကာကွယ်ဆေး မျှမျှတတရဖို့ ကုလသမဂ္ဂရဲ့ COVAX အစီအစဉ်ကနေ ကာကွယ်ဆေးအလုံးပေါင်း ၆.၂ သန်းကျော် မြန်မာနိုင်ငံကို ပို့ပေးတော့မှာ ဖြစ်ပါတယ်။

ဒီကာကွယ်ဆေးတွေ ထောက်ပံပေးနိုင်ဖို့ နောက်ဆုံးအတည်ပြုတာဟာ နိုင်ငံရေး လူမျိုးရေး ဘာသာရေးခွဲခြားမှုမရှိပဲ လူတိုင်းကို ထိုးပေးသွားနိုင်မှုအပေါ်မူတည်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ရဲ့ ဦးစားပေးလမ်းညွန်ချက်တွေနဲ့အညီ ဖြန့်ဝေသွားမယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။

အပြည့်အစုံကို ကိုနန္ဒက စုစည်းပြောပြပေးမှာပါ။