ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စင်္ကာပူက အလုပ်သမားတွေ ကိုဗစ်စည်းကမ်းနဲ့ ပိတ်ထားခံရဆဲ
စင်္ကာပူက အလုပ်သမားတန်းလျားတွေမှာ ပြီးခဲ့တဲ့နှစ်က ကိုဗစ်ကူးစက်ပျံ့နှံ့မှုတွေ ဖြစ်ပွားခဲ့ပြီးနောက်၊ ဒီနေ့အချိန်အထိ အဲဒီက အလုပ်သမားတွေဟာ အများပြည်သူသွားလာတဲ့နေရာတွေကို သွားလာခွင့် မရသေးပါဘူး။ လွန်ခဲ့တဲ့ ၁၈လအတွင်းမှာလည်း အလုပ်သမားတွေဟာ တန်းလျားကနေ အလုပ်ခွင်ထဲ တန်းသွားခဲ့ရပြီး တခြားနေရာတွေကို သွားလာခွင့်မရှိပါဘူး။ ကိုဗစ်၁၉ ကာကွယ်ဆေးကို အများအပြား ထိုးပေးနိုင်ခဲ့တဲ့ စင်္ကာပူနိုင်ငံမှာ ဒီလိုမျိုး အလုပ်သမားတွေကို ပိတ်ပင်ထားမှုကြောင့် အစိုးရအပေါ်မှာ ဖိအားတွေကျရောက်နေပြီး၊ အလုပ်သမားတန်းလျား တွေကို အမြန်ဆုံးဖွင့်ပေးဖို့ကိုလည်း တိုက်တွန်းမှုတွေရှိနေပါတယ်။ ကိုမင်းထက်က ဆက်ပြီးပြောပြပေးမှာပါ။