ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နိုင်ငံခြားငွေလဲနှုန်းနဲ့ ရွှေစျေးကွက် စံချိန်တင် မြင့်တက်ဆဲ
ရေးသားခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေး မတည်ငြိမ်မှုတွေကြောင့် မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာနေပြီး နိုင်ငံခြားငွေလဲလှယ်နှုန်းနဲ့ ရွှေစျေးနှုန်းတွေကတော့ ဆက်တိုက်မြင့်တက်လာနေပါတယ်။
စျေးကွက်ထဲမှာ ဒေါ်လာဝယ်ယူမရတဲ့အခြေအနေဖြစ်နေသလို ထိုင်းဘတ်ငွေနဲ့ တရုတ်ယွမ် ငွေလဲလှယ်နှုန်းတွေပါ မြင့်တက်လာပြီး ထိုင်းမြန်မာနယ်စပ်က တပိုင်တနိုင်ငွေလဲကောင်တာတွေပါ ယာယီပိတ်ထားရတဲ့အထိဖြစ်လာပါတယ်။
နိုင်ငံခြားငွေလဲလှယ်နှုန်းမြှင့် တက်လာမှု နဲ့အတူ ဖြစ်ပေါ်နေတဲ့ စျေးကွက်အခြေအနေတွေကို မဝင်းစန္ဒာဦးက စုစည်းပြောပြပေးမှာပါ။