ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုဗစ်ဖြစ်ပြီးသူတွေ သုံးလအတွင်း လွတ်လပ်စွာ ခရီးသွားလာခွင့်ပြုမယ်လို့ စစ်ကောင်စီ ထုတ်ပြန်
ရေးသားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီး ပြန်ကောင်းလာသူတွေ ရက်ပေါင်း ၉ဝ အတွင်း ခရီးသွားလာခဲ့ရင် ကွာရန်တင်းဝင်စရာမလိုတော့သလို ရောဂါပိုးရှိမရှိကိုလည်း ထပ်စစ်ဆေးစရာမလိုတော့ဘူးလို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒီအစီအစဉ်ထဲမှာ အကြောင်းကြောင်းကြောင့် ဆေးရုံမတက်လိုက်ဘဲ အိမ်မှာသက်သာပျောက်ကင်းသူတွေနဲ့ ကာကွယ်ဆေးထိုးပြီးသူတွေ အနေနဲ့ရော အကျုံးဝင်ပါသလား။
အပြည့်အစုံကို ဘီဘီစီသတင်းထောက် ကိုနန္ဒက ပြောပြပေးမှာပါ။