ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေ သက်သေတင်သွင်းမှု

ရေးသားခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတဦးဝင်းမြင့်တို့ကို စွဲဆိုထားတဲ့ အမှုတွေထဲက အပတ်စဉ် တနင်္လာ နေ့တိုင်း စစ်ဆေးတဲ့ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တို့ကို ဒီကနေ့ စက်တင်ဘာ ၂၇ ရက်မှာ ဆက်လက် စစ်ဆေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုစွဲဆိုထားတဲ့ အမှုတွေက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ အတွက် ဖေဖော်ဝါရီ ၁၉ရက်နေ့က တရားရုံးကထုတ်ပေးထားတဲ့ ရှာဖွေဝရမ်းနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဘက်က ဒီကနေ့ ရုံးချိန်းမှာ သက်သေ အဖြစ်တင်သွင်းခဲ့ပါတယ်။ အဲဒီတင်သွင်းမှုကို တရားရုံးက ခွင့်မပြုခဲ့ပါဘူး။ ဒီကနေ့ ကြားနာမှုတွေနဲ့ ပတ်သက်လို့ ဘီဘီစီသတင်းထောက် မညိုလဲ့ရည်ကဆက်ပြီးပြောပြပေးမှာပါ။